နောက်ခံ

myspace backgrounds
Myspace Backgrounds
Showing posts with label ရခိုင်သမိုင်း. Show all posts
Showing posts with label ရခိုင်သမိုင်း. Show all posts

Saturday, September 7, 2013

ရက္ခိုင်-မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်း ထေရုအတ္ထုပတ္တိအကျဉ်း

Posted by ရိုးမသွီးရိုညီးညတ်လှီ on 5:41 AM


သြဂုတ်လ ၁၄ ရက် ၂၀၁၂ နိန့်ရေ ၂၂ နှစ်မြောက် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးရေ အထိမ်းအမှတ်နိန့် ဖြိုက်ပါသည်။
ဆရာကြီး ဦးဦးသာထွန်းကို ရက္ခိုင် ပြည်နယ်၊ မြောက်ဦးမြို့  ညောင်ပင်ဈီးရွာ အနီး အဖ ဦးကောင်းစံရွှီ၊ အမိ ဒေါ်အောင်ကြွဇံရို့ က ၁၉၁၇ ခု၊ နိုဝင်ဘာလ ၂၃ ရက်၊ သောကြာနိန့်တွင် ဖွားမြင်ခပါသည်။ ဆရာကြီးရေ တစ်ဦးတည်းသောသား ဖြိုက်ပါသည်။ အငယ်ချေကပင် အဘိုးဖြိုက်သူ ရာဇဝင် ဆရာကြီး ဦးသာထွန်းအောင်က ရက္ခိုင် ရာဇဝင်၊ ဆီးကျမ်း၊ နက္ခတ်ကျမ်း၊ ပူရာဏ်ကျမ်းများအား နုတ်တိုက်အာဂုံ သင်ကြားပီးခပါသည်။ နဝမတန်းတွင် ပညာသင် ကြားနီစဉ် ဖခင် ကွယ်လွန်သောကြောင့် ကျောင်းထွက်လိုက်ရပြီး ရဟန်း ပုဂ္ဂိုလ်ရို့ထံတွင် သက္ကဋ၊ ပါဠိ၊ သမိုင်း၊ အင်း၊ ဗေဒင်နှင့် အခြား လောကီ ပညာရပ်များကို သင်ကြား လေ့လာ ဆည်းပူးခပါသည်။
၁၉၅ဝ ခုနှစ်မှ ၁၉၅၅ ခုနှစ်ထိ မူလတန်း ကျောင်းဆရာအဖြိုက် ဝင်ရောက် လုပ်ကိုင်ခပြီး၊ ၁၉၅၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိ မြောက်ဦးမြို့ ရှေးဟောင်း သုတေသန ဌာနခွဲတွင် ရက္ခိုင် မြန်မာ ပဏ္ဍိတ် အဖြိုက် တာဝန် ထမ်းဆောင်ခသည်။ ယခုလက်ဟိ မြောက်ဦး ရှေးဟောင်း သုတေသန ပြတိုက်ကြီးသည် ဆရာကြီး စုဆောင်း တည်ဆောက်ခသော ပြတိုက်ကြီး ဖြိုက်ပါသည်။
၁၉၇၇ ခုနှစ် မှ ၁၉၈၃ ခုနှစ်ထိ မြောက်ဦးမြို့ ရှေးဟောင်း သုတေသနဌာနခွဲတွင် အကြံပီးပုဂ္ဂိုလ် အဖြိုက် ဆက်လက် တာဝန်ထမ်းဆောင်ခပါသည်။
၁၉၈ဝ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ တူးဖော်ခရေ ရက္ခိုင် ဝေသာလီမြို့ဟောင်း တူးဖော်မှုလုပ်ငန်းတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်တူးဖော် ဆောင်ရွက်ခပါသည်။
မြောက်ဦးမြို့ ဘုရားသမိုင်း (၁၃ဝ၁ ခုနှစ် ပုံနှိပ်)၊ ဦးရာဇ်တောင် ဘုရားသမိုင်းကျမ်း ပြင်ဆင် ဖြည့်စွက်ချက် (ပုံနှိပ်) (၁၉၅၂ – ၅၃)၊ ရက္ခိုင် အမျိုးသမီး သူရဲကောင်း အတ္ထုပတ္တိ (၁၉၅၃ – ၅၄) (ပုံနှိပ်)၊ ရက္ခိုင် ရာဇဝင် သင်္ခေပကျမ်း (၁၉၅၄ – ၅၅) ပုံနှိပ်၊ ဝသဲ ဘုရားသမိုင်း (ပုံနှိပ်)၊ ရှင်သတ် ဘုရားသမိုင်း (ပုံနှိပ်) များအား ပုံနှိပ် ထုတ်ဝီခသည်။ ရက္ခိုင် ကဗျာပေါင်းချုပ်၊ ရက္ခိုင် ရာဇဝင် ဘာသာပြန်၊ ရက္ခိုင်ဒင်္ဂါးများ (ဘာသာပြန်)၊ ရက္ခိုင် ဓာတ်တော်ဘုရား စေတီတိနန့် မြောက်ဦးမြို့ တန်းခိုးကြီး ဘုရားတိ၊ သမိုင်းကျမ်းစာတိကို ရေးသား ပြုစုပြီး ဘဏ္ဍာရေး ဝန်ကြီး ဆာဦးထွန်းအောင်ကျော် ထံတွင် အပ်နှံခပါသည်။
အံတော်သိမ် ဘုရားသမိုင်းကျမ်း၊ သဲထက် ဘုရားသမိုင်း၊ ထီးတော်မိုး ဘုရားသမိုင်း၊ ဘောင်းဒွတ်နတ်တောင် ဘုရားသမိုင်း၊ ဝေသာလီ ဘုရားကြီးသမိုင်း၊ သိမ်တော်ကြီး ဘုရားသမိုင်း၊ မဟာထီး ဘုရားသမိုင်း၊ ပါးတော် ဘုရားသမိုင်း၊ ဘုရားပေါ် ဘုရားသမိုင်း၊ သျှစ်သောင်း ဘုရားသမိုင်း၊ မင်္ဂလာ ဓာတ်ရွှေကူ ဘုရားသမိုင်းတိကို လင်္ကာ စကားပြေ မော်ကွန်း စရေ စာအုပ်တိကို ရီးသား ထုတ်ဝီခပါရေသည်။
ဓညဝတီမဂ္ဂင်း စာတည်း၊ အယ်ဒီတာအဖြိုက် တာဝန်ယူ ထုတ်ဝီခပြီးကေ ဓညဝတီ စာစောင်၊ ဓညဝတီ မဂ္ဂဇင်း၊ ရက္ခိုင်တန်ဆောင် မဂ္ဂဇင်း၊ မန္တလေး ပြည်သူ့ဂျာနယ်၊ ရန်ကုန် မဂ္ဂဇင်း၊ စုံထောက် မဂ္ဂဇင်း၊ ယဉ်ကျေးမှု စာစောင်၊ ရက္ခိုင် မဂ္ဂဇင်း၊ စစ်တွေ ကောလိပ် မဂ္ဂဇင်း၊ ရက္ခိုင် ပြည်နယ် စာစောင်၊ ဝရာဇ်မြေ မဂ္ဂဇင်းတိမှာ ဦးဦးသာထွန်း၊ ဦးသူရိယ အစဟိရေ ကလောင် နာမေတိနန့် ဆောင်းပါးတိကို  ရီးသားခပါသည်။
မြို့စောင့်နတ် ဒေဝတာဗလီ ပူဇော်ကျမ်း၊ အဉ္ဇန နိဒါန်း ဆီးကျမ်း၊ ရခိုင်စည် ပြုလုပ်ပုံနန့် တီးကွက်၊ တီးလုံးတိ၊ ကဗျာတိ စုပေါင်း စာတမ်း၊ ရက္ခိုင် ထိမ်းမြားမင်္ဂလာ ပန်းတျား တီးလုံး၊ တီးကွက်နှင့် ပြုလုပ်ပုံ အတိုင်းအတာ စာတမ်း၊ ရက္ခိုင် သတ်ပုံ သတ်ညွှန်းခွဲထားခြင်း အဓိပ္ပာယ်ထွက်ပုံ စာတမ်း၊ ရက္ခိုင်ပလွီ (ပြွီ) အမျိုးမျိုး ပြုလုပ်ပုံ အတိုင်းအတာ စာတမ်း၊ သျှိုင်ဒိုင်၊ ကောက်ဦးဆွမ်းတင်၊ ပိုးဝါ၊ ဗုဒ္ဓ ပူဇနိယ ဆီမီးခွက် အက၊ တေးခြင်းကဗျာ စသည်ရို့ကို ရီးသား ပြုစုခပါသည်။
ဆင်ယင် ထုံးဖွဲ့မှုကျမ်း (မူကြမ်း)၊ ရက္ခိုင် ရာဇဝင် (မူကြမ်း)၊ ရက္ခိုင်အက္ခရာ ဆင်းသက်လာပုံကျမ်း (မူကြမ်း)၊ ရက္ခိုင် ကျောက်စာ ပေါင်းချုပ်ကျမ်း (မူကြမ်း)၊ ရက္ခိုင်ဘုရင် သမိုင်းကျမ်း (မူကြမ်း)၊ ရက္ခိုင်သား ဒေါင်းမာတင် (မူကြမ်း)၊ သျှင်မြဝါကျမ်း (မူကြမ်း)၊ ရက္ခိုင်မင်းသမီး ဧချင်း ယှင်းလင်းချက် (မူကြမ်း)၊ ဗျာလစာတမ်း (မူကြမ်း)၊ ကျောက်တော်မြို့ သေလာဂီရီ မောပဗ္ဗတ တောင်ခြီရင်းမှ တွိ့ခရသော ကျောက်ဆစ်လက်ရာတိ သုတေသနပြုချက် (မူကြမ်း) စရေ စာအုပ်ရို့ကို ရီးသား ပြုစုခပါသည်။
သြစတြေးလျနိုင်ငံ အမျိုးသား တက္ကသိုလ် သုတေသီ PAMELA GUTMAN ၏ ANCIENT ARAKAN ကျမ်းပြုစုစဉ်တွင် လည်းကောင်း၊ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှ ပါမောက္ခ ရောဖတ်ဆာဗ်ရ် (BERNOT) အတွက် ရက္ခိုင်ပုံပြင် လိပ်ကန်ဖာမ ဝတ္ထုနှင့် ကျီးဖြူရွာ စာတမ်းတိကို လည်းကောင်း၊ ပြင်သစ်နိုင်ငံ ပါမောက္ခ ဦးလှသိန်း (ခေါ်) ဂျွန်န်အိုကဲလ်ဖို့၏ စေတီ အဆောက်အအုံနန့် နန်းအဆောက်အအုံ စာတမ်းတိကို လည်းကောင်း၊ အမေရိကန်နိုင်ငံ အာယှဖောင်ဒေးယှိန်း အတွင်းရေးမှူး ဒေးဗစ်စတိမ်းဗာစ်၏ ဝေသာလီ ကျောက်ရုပ်တု ဆင်းတုတိ၏ နှစ်ပေါင်း ကြာညောင်းမှုအား တိုင်းတာမှု စာတမ်းကို လည်းကောင်း၊ ဂျပန်နိုင်ငံ ပါမောက္ခ အိုနို တိုရရူနှင့် ရက္ခိုင် စကားပြော လီယူလီသိမ်း အသံထွက်ပုံ စာတမ်းနှင့် ဘောင်းဒွတ် အရပ်တွင် ဟိသော ဒတ်ခ်ျ ကောင်ဆယ်လာ အဆောက်အအုံ ပုံစံနန့် ကူးသန်းရောင်းဝယ်ခပုံ စာတမ်းတိကို လည်းကောင်း ရီးသား ပြုစုရာတွင် ကူညီခပါသည်။
နိုင်ငံတော် အစိုးရ ယဉ်ကျေးမှု ဌာနနှင့် အခြား ပုဂ္ဂိုလ်ရို့ကိုလည်း ဆရာကြီးရေ ကူညီပီးခပါသည်။ ဦးမင်းနိုင်၏ ပြည်ထောင်စု အကပဒေသာ စာအုပ် (၁၉၅၉)၊ ရက္ခိုင် တိုင်းရင်းသားလူမျိုး ဖြိုက်စိုင်နန့် ဓလေ့ထုံးစံတိ စာအုပ်၊ တိုင်းရင်းသား ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံတိ၊ ရက္ခိုင်ပြည်နယ် ဘဏ္ဍာတိုက်ကြီးတိကျမ်း၊ ရက္ခိုင်ရိုးရာ စည်တော်နှင့် တူရိယာတီးကွက်တိ စာတမ်း၊ မြန်မာ ဝေါဟာရ အဘိဓာန်ကျမ်း ပြုစုစဉ် ဝေါဟာရ စာလုံးတိကို ပြုစုပြီး ပီးပို့ခြင်း၊ ရက္ခိုင်ဝေါဟာရ အဘိဓာန် ပြုစုစဉ် ဝေါဟာရ စာလုံးတိနန့် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကျမ်းကိုးကားချက်တိကို စာအုပ် ပြုစုခြင်း၊ ၁၉၇၆ – ၇၇ ခု ရက္ခိုင်ပြည်နယ်နိန့်၊ ရက္ခိုင်ပြည်နယ်၊ တံဆိပ်၊ ရက္ခိုင်ရိုးရာ ကျား/မ ဝတ်စုံ စာတမ်း၊ ရက္ခိုင်ပြည်နယ် ဖြိုက်စဉ်သမိုင်း၊ မြောက်ဦးလမ်းညွှန် စရေ စာအုပ်ရို့ကို ပါဝင်ကူညီ ရီးသား ပြုစုခပါသည်။
အထက်တန်းပညာ ဦးစီးဌာန ညွှန်ချုပ် (ငြိမ်း) ပါမောက္ခ ဦးစံသာအောင် အတွက်လည်း ၁၉၇၂ ခု အဘိဓမ္မာ ကောက်နုတ်ချက် ပုရပိုက်ကို မိုက်ခရိုဖလင် ရိုက်နှိပ်ဖို့အတွက် လည်းကောင်း၊ ဂ(က)ဝိကဏ္ဍ ပါသဏကျမ်း ပီမူကို မိုက်ခရိုဖလင် ရိုက်နိုင်ဖို့အတွက် လည်းကောင်း၊ လျှိုဝှက်ကျောက်စာ ဂဏန်းရေးနည်း ပီမူတိကို မိုက်ကရိုဖလင် ရိုက်ဖို့အတွက် လည်းကောင်း၊ အေဒီ ၆ ရာစုနန့် ယင်းမတိုင်မီက ရခိုင်ပြည်နယ်သုံး အက္ခရာစာအုပ် ပြုစုရာတွင် လည်းကောင်း၊ အနန္ဒစန္ဒြား ၈ ရာစု ရခိုင် ဝေသာလီ စာအုပ် ပြုစုရာတွင် လည်းကောင်း၊ ရခိုင်ဒင်္ဂါးများ သမိုင်း ပြုစုရာတွင် လည်းကောင်း၊ ဗုဒ္ဓ အနုပညာ (Buddhist Art of Ancient Arakan) စာအုပ်ပြုစုရာတွင် လည်းကောင်း ပါဝင် ကူညီခပါသည်။
၁၉၅၉ ခုနှစ်မှာ မြန်မာ့အသံ ရေဒီယိုမှ ရခိုင်အသံကို အစဆုံး အသံလွှင့်ခပါသည်။ တိမ်မြှုပ် ပျောက်ကွယ် လားခပြီး ဖြိုက်တေ ရခိုင်ယဉ်ကျေးမှု အမွီအနှစ်၊ ရခိုင်သမိုင်း၊ ရခိုင့်စာပီ၊ ရခိုင့်ရိုးရာ ဓလေ့ ထုံးတမ်းစဉ်လာတိအား ကမ္ဘာက သိအောင် ရှာဖွီစုဆောင်း လီလာ ဖော်ထုတ်ခပါသည်။ ထိန်းသိမ်း စောင့်ချောက်ခပါသည်။ ရခိုင်သူ၊ ရခိုင်သားများကိုလည်း ရခိုင့်ယဉ်ကျေးမှု အမွီအနှစ်၊ ရခိုင့်သမိုင်း၊ ရခိုင့်စာပီ၊ ရခိုင့်ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာ ဖော်ထုတ် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ဖို့အတွက်လည်း အမြဲ ဆော်သြခပါသည်။
ဆရာကြီးရေ ရခိုင့် ယဉ်ကျေးမှု အမွီအနှစ်၊ ရခိုင့်သမိုင်း၊ ရခိုင်စာပီ၊ ရခိုင့်ရိုးရာ ထုံးထမ်းစဉ်လာတိကို ရီးသား ဖော်ထုတ်ခရေ ဖခင်ကြီး ဖြိုက်ပါသည်။
ဆရာကြီးရေ ရခိုင် ဒီမိုကရေစီ ရဟိရေး၊ တိုင်းရင်းသားများ တန်းတူအခွင့်အရေး ရဟိရေး အတွက်လည်း စွမ်းစွမ်းတမံ ရှီ့တန်းမှ ဦးဆောင်ဦးရွက် ဆောင်ရွက်ခပါသည်။ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်တွင် နာယကကြီး အဖြိုက် ထမ်းဆောင်ခပြီးကေ ကျောက်တော်မြို့ မဲဆန္ဒနယ် အမှတ် (၁) တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ယောက်လည်း ဖြိုက်ပါသည်။ ဆရာကြီးရေ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ စည်းရုံးရေး ခရီးစဉ်အဖြိုက် အနယ်နယ် အရပ်ရပ်ကို မဲဆွယ် တရားဟော ထွက်စိုင် မင်းပြားမြို့နယ်၊ ပြားချောင်း ကျေးရွာ မဲဆွယ်တရားဟောပွဲတွင် တရားဟောနီစိုင် ဖမ်းဆီးခံရပြီး ထောင်သွင်း အကျဉ်းချခြင်းကို ခံခရပါသည်။
ဆရာကြီးအား အမျိုးသားရေး တရားဟောရေအတွက် အမျိုးမျိုး စွဲချက်တင်ပြီးကေ ဖမ်းဆီးခခြင်း ဖြိုက်ပါသည်။ နဝတ/ နအဖ စစ်အစိုးရ၏ တိုင်းပြည်အပေါ် မတရား စော်ကားမှုတိကို ဆရာကြီး၏ အချက်ကျကျ ဝေဖန်ဟောပြောမှုတိကြောင့် နဝတ/ နအဖ စစ်ဝါဒီတိ၊ ဗမာလူမျိုးကြီး ဝါဒီတိရေ အနာထက်မှာ ဒုတ်ကျရေပိုင် ဆတ်ဆတ်ထိပနာ မခံမရပ်နိုင် ဖြိုက်ခရပါသည်။


ယင်းကြောင့် ဆရာကြီးအား အငြိုးထားပနာ မတရား ဖမ်းဆီးခခြင်း ဖြိုက်ပြီးကေ ထောင်ဒဏ် ၃ နှစ် အပြစ်ပီးကာ စစ်တွေထောင်တွင် အကျဉ်းချထားခပါသည်။ ထောင်ကျပြီး ၅ လ အကြာ ၁၉၉ဝ သြဂုတ် ၁၄ တွင် ကွယ်လွန်ခပါသည်။ (ထောင်ထဲတွင် နဝတ/ နအဖ စစ်ဝါဒီများက ဆရာကြီးအား ထမင်းကျွေးရာတွင် စိန် အစ ဟိသော အဆိပ်ပါရေ အစားအစာတိကို နိန့်တိုင်းပိုင်ချောင် စကေချေ ထည့်ကျွေး လုပ်ကြံခရေလို့ ရက္ခိုင်အမျိုးသားတိက ယုံကြည်နီဂတ်ပါသည်။)။ ယကေလေ့ နဝတ/ နအဖ စစ်ဝါဒီတိက ဆရာကြီး သီဆုံးရခြင်းရေ ဦးဂေါင်းတွင် သွီးမတိတ်တေ ရောဂါ (Cerebral Haemorrhage) ဖြင့် အကျဉ်းထောင် ဆီးရုံတွင် သီဆုံးခရခြင်း ဖြိုက်ကြောင်း The Truth နာမေဟိ ဆောင်းပါးတိမှာ လုပ်ကြံ ဖန်တီး ရီးသားခပါသည်။
ဆရာကြီး၏ အလောင်းကို သူ၏ဇာတိ ချက်ကြွီ မြောက်ဦးမြို့သို့ ယူဆောင်လာပြီးကေ ဆရာကြီး အလွန် တန်ဖိုးထားခရေ ရန်အောင်ဇေယျ (ခေါ် ) သျှစ်သောင်း ပုထိုးတော်ကြီး ဘုရားရိပ်တွင် မြီမြှုပ် သင်္ဂြိုဟ်ခဂတ်ပါသည်။
ဆရာကြီး ကောင်းရာသုဂတိဘုံ ဘ၀က အဖရက္ခိုင်ပြည်သူ၊ ပြည်သားတိ ဘီးဒုက္ခကို ကယ်တင်နိုင်ပါစီကြောင်း ဆုမွန်ကောင်းတောင်းလျှက် …… ၂၂ နှစ်မြောက် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း အထိမ်းအမှတ်အဖြိုက် ဆရာကြီး အတ္ထုပတ္တိကို ဖော်ပြယင်း လေးဝတီမှ ဂုဏ်ပြုပူဇော်ပနာ ဆရာကြီးအား ရှီခိုးပါသည်။

လေးဝတီ သမိုင်းမှတင်ပြပါသည်

  • RSS
  • Delicious
  • Digg
  • Facebook
  • Twitter
  • Linkedin

Search Site

 
  • Blogroll

  • Consectetuer

  • Popular

  • Comments